• Home
  • Chat Box
  • Listen Music
Blue Orange Green Pink Purple

Mastodon – Crack The Skye (2009)

Mastodon - Crack The Skye (2009) Cover
Artist: Mastodon
Title: Crack The Skye
Genre: Progressive Rock
Release Date: 2009-03-24

Read More 0 Comments   |   Posted by exiter
Jun 30

Killswitch Engage – Killswitch Engage (2009)

Killswitch Engage - Killswitch Engage (2009) cover
01. Never Again
02. Starting Over
03. The Forgotten

Read More 1 Comment   |   Posted by exiter
Jun 26

Bullet for My Valentine – Road To Nowhere [EP 2009]

Bullet For My Valentin-Road To Nowhere

Band: Bullet for My Valentine
Album: Road To Nowhere
Gene: Metalcore
Year: 2009

Read More 0 Comments   |   Posted by exiter
Mar 11

Baritone Guitar and Staind

staind.jpg

ကျွန်တော်တို့Modern Rock နဲ့ Alternative Metal သမိုင်းမှာမှတ်တိုင်တစ်ခုစိုက်ထူထားနိုင်တဲ့ Staind အဖွဲ့ကိုအားလုံးသိကြမှာပါ။ သူတို့ရဲ့သီချင်းတွေကို နားထောင်ကြည့်မယ်ဆိုရင် ဂစ်တာသံကို အထူးအလေးထားတာကိုလည်း ဂရုပြုမိကြမှာပါ ၊ ဘာဖြစ်လို့လဲဆိုတော့ Staind ရဲ့သီချင်းတွေက ဂစ်တာသံနဲ့ မယ်လိုဒီကို အထူးဦးစားပေးပြီးတော့ ဖွဲ့စည်းထားလို့ပါ..။ ဂစ်တာသံကိုသေသေချာချာ နားထောင်ကြည့်မယ်ဆိုရင် အရိုးထဲအထိ ကျိန်းတက်သွားလောက်တဲ့ Heavy Tone တွေနဲ့ သီချင်းတွေကြိုကွတက်လာအောင် ပုံဖော်ထားတာကို တွေ့ရမှာပါ။ ဘာကြောင့်ဂစ်တာသံတွေကဒီလောက် Heavy ဖြစ်ပြီး ကြွတက်နေရလည်းဆိုတော့ Staind ရဲ့ ဂစ်တာသမား Mike Mushok က Baritone Guitar ကိုသူ့ရဲ့သီချင်းတိုင်းလိုလိုမှာသုံးထားလို့ပါ။

Read More 1 Comment   |   Posted by uncletom666
Mar 05

Progressive Metal ?

Progressive Metal ဆိုသည်မှာ…

Heavy Metal နဲ့ Progressive Rock တို့ကိုရောမွှေထားခြင်းဖြစ်ပါတယ်။ထိုနေရာတွင် Progressive ရဲ့အဓိပ္ပါယ်ကတော့ ဂီတရဲ့ ရှုပ်ထွေးတဲ့ဖွဲ့စည်းပုံတွေ ၊ ပုံမှန်မဟုတ်တဲ့Timing အကျိုးတွေ(odd timing) ၊ Music Style များရောနှောထားခြင်း (ဥပမာ Classical နှင့် Jazz တို့ကို Metal စတိုင် ရောနှော တီးခတ်ခြင်း) ၊ Instrument ကိုအသားပေးခြင်း စသည်တို့ကိုဆိုလိုပါတယ်..။ပုံမှန်အားဖြင့် Progressive သီချင်းတစ်ပုဒ်ဟာသာမန်သီချင်းတစ်ပုဒ်ထက် မိနစ် တွေပိုကြာမြင့်တတ်ပြီးတချို့သီချင်းတွေဟာဆိုရင် မိနစ်နှစ်ဆယ်ကျော်ထိအောင် ရှည်လျားတတ်ပါတယ်။

Read More 1 Comment   |   Posted by uncletom666
Feb 22

Death Metal Guitar:Alexi Laiho

alexilaiho.jpg

ဂစ်တာရဲ့frets တွေအရည်ပျော်ပြီးစုတ်ပြတ်သွားလောက်အောင်လျှင်မြန်တဲ့speedနဲ့ဂစ်တာရစ်ဖ်တွေ ဆိုလိုတွေကို တီးခတ်တတ်ပြီး မက်တဲလ်ဂီတကိုဂုဏ်တက်စေတာကတော့Children of Bodom အဖွဲ့ရဲ့အဆိုနဲ့ ဂစ်တာသမား Alexi Laiho ပဲဖြစ်ပါတယ်။Guitar World မဂ္ဂဇင်းကတော့ speed အမြန်ဆုံးတီးခတ်နိုင်သူအယောက်ငါးဆယ်ထဲမှာAlexi Laiho ကိုစာရင်းသွင်းထားတယ်ခင်ဗျ။ Finland နိုင်ငံသားတွေပေါင်းစုထားတဲ့Children of Bodom ရဲ့သီချင်းတွေကိုနားထောင်ကြည့်မယ်ဆိုရင် ရှုပ်ထွေးတဲ့ notesတွေ လက်ပေါက်ကပ်တဲ့တီးဟန်တွေနဲ့ speed ကိုဦးစားပေးထားတဲ့ပုံစံမျိုးတွေ တွေ့ရမှာပါ။

Read More 0 Comments   |   Posted by uncletom666
Feb 01

DragonForce ရဲ့ဂစ်တာ (Herman Li and Sam Totman)

herman-and-sam

Roadrunner Records ရဲ့အဖွဲ့တွေထဲမှာ Trivium ကငနဲနှစ်ကောင်လိုပဲ ဂစ်တာကိုအပျံစားတီးခတ်နိုင်ကျတဲ့ နောက်နှစ်ကောင်ရှိပါသေးတယ်..။

DragonForce အဖွဲ့က Herman Li နဲ့ Sam Totman တို့ဖြစ်ပါတယ်။

တရုတ်နွယ်ဖွား Herman Li ဟာဂစ်တာတီးခတ်လေ့ကျင့်ခဲ့တာ ဆရာမရှိခဲ့ပါဘူး..၊ သူနားထောင်တဲ့ သီချင်းတွေနဲ့ ဗွီဒီယိုတွေကနေ လေ့လာသင်ယူခဲ့တယ် လို့ပြောပါတယ်။

အစက Herman ဟာ underground band တွေမှာကျင်လည်ခဲ့ပြီး 1999 မှ

DrangonForce ဆိုပြီးစဖွဲ့လိုက်တာပါ။ Herman ဟာ Metal Hammer Golden Gods Awards 2005 မှာ Best Shredder ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူနဲ့ Sam Totman နှစ်ယောက် ရတဲ့ဆုတွေလည်းမနည်းဘူးဗျ။ 2007 ခုနှစ်မှာနာမည်ကြီး Guitar World Magazine ရဲ့စာဖတ်သူတွေပေးတဲ့မဲကို 70% ရရှိခဲ့ပြီး Sam နဲ့အတူ Best New Talent ဆုကိုရရှိခဲ့ပါတယ်။ ပြီးတော့ Best Metal, Best Riff နဲ့ Best Shredder ဆုတွေကိုလည်း တစ်ဆက်တည်းရရှိခဲ့ပါတယ်။ 2007 မှာပဲ UK မှာနံပါတ်တစ် Total Guitar Magazine ရဲ့ စာဖတ်သူတွေပေးတဲ့ Best Guitar Solo ဆုကို Through the Fire and the Flames သီချင်းနဲ့ ရရှိခဲ့ပါတယ်၊ ဒီသီချင်းက online မှာလည်း မဲပေးမှုအများဆုံးရှိခဲ့ပါတယ်။

Read More 0 Comments   |   Posted by uncletom666
Jan 20

A7X ရဲ့ပုဆိန်နှစ်လက်

77858574KW043_kroq

Avenged sevenfold လို့ဆိုလိုက်ရင် အိုင်းလိုင်နာအနက်တွေဆိုးထားပြီး လက်နှစ်ဖက်မှာ တက်တူးတွေအပြည့်နဲ့ ဂစ်တာငနဲနှစ်ကောင်ကို သွားသတိရကြမှာပါ။

တစ်ယောက်ကတော့ဦးထုပ်အနက်ဆောင်းလို့ပေါ့ ။သူတို့နှစ်ယောက် ဆိုလိုတွေတီးပြီဆို

ကြည့်လို့တော်တော်ကောင်းပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကဘယ်သန်

တစ်ယောက်ကညာသန် နှစ်ယောက်ကျောချင်းကပ်ပြီး တီးကြတာပါ ၊ ပြီးတော့ သူတို့က

ပဲလည်းနဲနဲများတယ်ဗျ။ ဒါကြောင့်ဆော်ပရိတ်သတ်တွေအသည်းစွဲပေါ့။

သူတို့က ဟန်သာရှိတာလား ၊ မဟုတ်ပါဘူး..။ သူတို့မှာ ဆန်းသစ်တဲ့ဖန်တီးမှုတွေရှိပါတယ်။

(Avenged sevenfold ရဲ့အကြောင်းကို ဒီမှာတင်ထားတာဖတ်နိုင်ပါတယ်။)

သူတို့ဖန်တီးခဲ့တဲ့ Afterlife သီချင်းက နာမည်ကြီးTotal Guitar Magazine ကချီးမြှင့်တဲ့

The Best Guitar Riff Of The Year 2008 ဆုကိုရရှိစေခဲ့ပါတယ်။

ဦးထုပ်ဆောင်းထားတဲ့တစ်ကောင်ကို Synyster Gates လို့ခေါ်ပြီး

နောက် ဘယ်သန်တစ်ကောင်ကတော့ Zacky Vengeance လို့ခေါ်ပါတယ်။

Synyster ကအဓိကဆိုလိုတွေကိုတီးခတ်ပြီး Zacky ကတော့ Heavy Riff တွေနဲ့

Harmony ပိုင်းကို တီးခတ်ပါတယ်။ ဒီ A7X ရဲ့ဂစ်တာငနဲနှစ်ယောက် ဂစ်တာကို

Schecter ဂစ်တာကုမ္ပဏီက ထုတ်လုပ်ပေးထားပါတယ်။ Custom Signature Guitars များဖြစ်ပါတယ်။

Read More 2 Comments   |   Posted by uncletom666
Previous Page 1 of 2

Exiter’s Music Blog

  • Meta
    • Log in
    • Entries RSS
    • Comments RSS
    • WordPress.org
  • Archives
    • June 2009
    • March 2009
    • February 2009
    • January 2009
    • December 2008
    • November 2008
  • Search






  • Home
  • Chat Box
  • Listen Music

© Copyright Exiter’s Music Blog. All rights reserved.
Designed by FTL Wordpress Themes brought to you by Smashing Magazine

Back to Top