Archive for November, 2008

Disturbed – Indestructible

Release Date: Jun 3, 2008
Label: Reprise
Genres: Heavy Metal, Alternative Metal, Post Nu-Metal
Number Of Tracks: 12

indestructible

သီချင်းရဲ့အသံကို ကြားရုံနဲ့ ဘယ်အဖွဲ့ရဲ့သီချင်းလဲဆိုတာသိနိုင်တဲ့အထဲမှာ Disturbed လည်းပါပါတယ်။ အဲဒီလိုကိုယ်ပိုင်ဟန်ရှိတဲ့အဖွဲ့ပါ။ အခုအဲဒီအဖွဲ့က သူတို့ရဲ့ အယ်လ်ဘမ်သစ် Indestructible ကို ဖြန့်ချိလိုက်ပါပြီ။အရင် 2006 ကထွက်ခဲ့တဲ့ Ten Thousand Fists ရဲ့အဆက်လို့ပြောပါတယ်။ ဒါကြောင့်မို့ Album နှစ်ခုက စာသားပိုင်းအရရော သံစဉ်ပိုင်းအရပါ ဆက်စပ်နေပါတယ်။

စာသားပိုင်းကိုကြည့်မယ်ဆိုရင် Title Song Indestructible ကနိုင်ငံရေးဆိုင်ရာတွေပါတယ်၊ကျွန်တော်ကြည့်ဖူးတဲ့ အဲဒီသီချင်းရဲ့ MTV မှာ “I am an Indestructible master of war” ဆိုပြီး ပါရှိပါတယ်။ Inside The Fire ဆိုတဲ့သီချင်းမှာတော့ suicide လုပ်သွားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့ဘဲအကြောင်း ကိုရေးဖွဲ့ထားပါတယ်၊

“Release your life ,take your place inside the fire with her” ဆိုပြီး မင်းမိန်းကလေးနဲ့တွေ့ချင်ရင် မင်းရဲ့အသက်ကိုစွန့်လွှတ်ရမယ်ဆိုပြီး devil ကတိုက်တွန်းနေတဲ့အသံပါ..၊Album တစ်ခုလုံး စာသားပိုင်းအရ ထိမိမှု ရှိပါတယ်။

သံစဉ်ပိုင်းအရကြည့်မယ်ဆိုရင် Guitar Tuning အားလုံးနီးပါးက Dropped C Tuning(CGCFAD) တွေပါ၊ ဒါကြောင်မို့ ပါဝါအားကောင်းကောင်းနဲ့ Guitarist Dan Donegan ရဲ့Metal Riff တွေကို ခင်ဗျားတို့ သဘောကျမှာပါ..၊Title Song ရဲ့ Riff တွေက Stricken (TTF) ကိုသွားသတိရစေတယ်၊ ကျွန်တော်ကတော့ Inside The Fire ရဲ့ solo ကိုသဘောကျတယ်..၊Chorus ကနေ Solo ကိုဝင်တဲ့အချိုးလေးကလှတယ်ဗျာ။တစ်ခြား insane solo တွေလည်း ရှိသေးတယ်.. The Night, Façade ……။Bassist John Moyer နဲ့ Drummer Mike Wengren ရဲ့ creation ကလည်း ပီပြင်တယ်..၊ Haunted ဆိုတဲ့သီချင်းမှာ လှပတဲ့ Bass Riff တွေကြားရမှာပါ..၊

Drum ကတော့ အထူးပြောဖို့မလိုပါဘူး..ခင်ဗျားရဲ့ မသိစိတ်ကို ကောင်းကောင်းကြီး နှိုးဆွပေးနိုင်တဲ့ ရိုက်ချက်တွေ အပြည့်နဲ့ပေါ့..။ Disturbed ရဲ့ Vocalist David Draiman ရဲ့ Melodic vocal style နဲ့ တစ်မူထူးခြားမှုတွေကလည်း Album ကိုအသက်သွင်းပေးနေတယ်..၊အရင်ခွေတွေထက်ပိုပြီး vocal range ကျယ်လာသလိုဘဲ..။ ကျွန်တော့်အကြိုက်ဆုံးတွေကတော့ Indestructible,Inside The Fire,The Night,Perfect Insanity,Haunted နဲ့ Criminal တို့ကိုညွှန်းချင်ပါတယ်။Album တစ်ခုလုံးလိုလိုကို ကောင်းပါတယ်ဗျာ..။

Read More »

Page 1 of 11
Get Adobe Flash playerPlugin by wpburn.com wordpress themes