22 Feb, 2009
alexi laiho Guitars

ဂစ်တာရဲ့frets တွေအရည်ပျော်ပြီးစုတ်ပြတ်သွားလောက်အောင်လျှင်မြန်တဲ့speedနဲ့ဂစ်တာရစ်ဖ်တွေ ဆိုလိုတွေကို တီးခတ်တတ်ပြီး မက်တဲလ်ဂီတကိုဂုဏ်တက်စေတာကတော့Children of Bodom အဖွဲ့ရဲ့အဆိုနဲ့ ဂစ်တာသမား Alexi Laiho ပဲဖြစ်ပါတယ်။Guitar World မဂ္ဂဇင်းကတော့ speed အမြန်ဆုံးတီးခတ်နိုင်သူအယောက်ငါးဆယ်ထဲမှာAlexi Laiho ကိုစာရင်းသွင်းထားတယ်ခင်ဗျ။ Finland နိုင်ငံသားတွေပေါင်းစုထားတဲ့Children of Bodom ရဲ့သီချင်းတွေကိုနားထောင်ကြည့်မယ်ဆိုရင် ရှုပ်ထွေးတဲ့ notesတွေ လက်ပေါက်ကပ်တဲ့တီးဟန်တွေနဲ့ speed ကိုဦးစားပေးထားတဲ့ပုံစံမျိုးတွေ တွေ့ရမှာပါ။
Read More »
1 Feb, 2009
dragonforce Guitars

Roadrunner Records ရဲ့အဖွဲ့တွေထဲမှာ Trivium ကငနဲနှစ်ကောင်လိုပဲ ဂစ်တာကိုအပျံစားတီးခတ်နိုင်ကျတဲ့ နောက်နှစ်ကောင်ရှိပါသေးတယ်..။
DragonForce အဖွဲ့က Herman Li နဲ့ Sam Totman တို့ဖြစ်ပါတယ်။
တရုတ်နွယ်ဖွား Herman Li ဟာဂစ်တာတီးခတ်လေ့ကျင့်ခဲ့တာ ဆရာမရှိခဲ့ပါဘူး..၊ သူနားထောင်တဲ့ သီချင်းတွေနဲ့ ဗွီဒီယိုတွေကနေ လေ့လာသင်ယူခဲ့တယ် လို့ပြောပါတယ်။
အစက Herman ဟာ underground band တွေမှာကျင်လည်ခဲ့ပြီး 1999 မှ
DrangonForce ဆိုပြီးစဖွဲ့လိုက်တာပါ။ Herman ဟာ Metal Hammer Golden Gods Awards 2005 မှာ Best Shredder ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ သူနဲ့ Sam Totman နှစ်ယောက် ရတဲ့ဆုတွေလည်းမနည်းဘူးဗျ။ 2007 ခုနှစ်မှာနာမည်ကြီး Guitar World Magazine ရဲ့စာဖတ်သူတွေပေးတဲ့မဲကို 70% ရရှိခဲ့ပြီး Sam နဲ့အတူ Best New Talent ဆုကိုရရှိခဲ့ပါတယ်။ ပြီးတော့ Best Metal, Best Riff နဲ့ Best Shredder ဆုတွေကိုလည်း တစ်ဆက်တည်းရရှိခဲ့ပါတယ်။ 2007 မှာပဲ UK မှာနံပါတ်တစ် Total Guitar Magazine ရဲ့ စာဖတ်သူတွေပေးတဲ့ Best Guitar Solo ဆုကို Through the Fire and the Flames သီချင်းနဲ့ ရရှိခဲ့ပါတယ်၊ ဒီသီချင်းက online မှာလည်း မဲပေးမှုအများဆုံးရှိခဲ့ပါတယ်။
Read More »