Archive for March, 2009

Baritone Guitar and Staind

staind.jpg

ကျွန်တော်တို့Modern Rock နဲ့ Alternative Metal သမိုင်းမှာမှတ်တိုင်တစ်ခုစိုက်ထူထားနိုင်တဲ့ Staind အဖွဲ့ကိုအားလုံးသိကြမှာပါ။ သူတို့ရဲ့သီချင်းတွေကို နားထောင်ကြည့်မယ်ဆိုရင် ဂစ်တာသံကို အထူးအလေးထားတာကိုလည်း ဂရုပြုမိကြမှာပါ ၊ ဘာဖြစ်လို့လဲဆိုတော့ Staind ရဲ့သီချင်းတွေက ဂစ်တာသံနဲ့ မယ်လိုဒီကို အထူးဦးစားပေးပြီးတော့ ဖွဲ့စည်းထားလို့ပါ..။ ဂစ်တာသံကိုသေသေချာချာ နားထောင်ကြည့်မယ်ဆိုရင် အရိုးထဲအထိ ကျိန်းတက်သွားလောက်တဲ့ Heavy Tone တွေနဲ့ သီချင်းတွေကြိုကွတက်လာအောင် ပုံဖော်ထားတာကို တွေ့ရမှာပါ။ ဘာကြောင့်ဂစ်တာသံတွေကဒီလောက် Heavy ဖြစ်ပြီး ကြွတက်နေရလည်းဆိုတော့ Staind ရဲ့ ဂစ်တာသမား Mike Mushok က Baritone Guitar ကိုသူ့ရဲ့သီချင်းတိုင်းလိုလိုမှာသုံးထားလို့ပါ။
Read More »

Progressive Metal ?

Progressive Metal ဆိုသည်မှာ…

Heavy Metal နဲ့ Progressive Rock တို့ကိုရောမွှေထားခြင်းဖြစ်ပါတယ်။ထိုနေရာတွင် Progressive ရဲ့အဓိပ္ပါယ်ကတော့ ဂီတရဲ့ ရှုပ်ထွေးတဲ့ဖွဲ့စည်းပုံတွေ ၊ ပုံမှန်မဟုတ်တဲ့Timing အကျိုးတွေ(odd timing) ၊ Music Style များရောနှောထားခြင်း (ဥပမာ Classical နှင့် Jazz တို့ကို Metal စတိုင် ရောနှော တီးခတ်ခြင်း) ၊ Instrument ကိုအသားပေးခြင်း စသည်တို့ကိုဆိုလိုပါတယ်..။ပုံမှန်အားဖြင့် Progressive သီချင်းတစ်ပုဒ်ဟာသာမန်သီချင်းတစ်ပုဒ်ထက် မိနစ် တွေပိုကြာမြင့်တတ်ပြီးတချို့သီချင်းတွေဟာဆိုရင် မိနစ်နှစ်ဆယ်ကျော်ထိအောင် ရှည်လျားတတ်ပါတယ်။ Read More »

Page 1 of 11
Get Adobe Flash playerPlugin by wpburn.com wordpress themes