Tag Archive for Avenged Sevenfold

Avenged Sevenfold – Nightmare [2010]


Artist: Avenged Sevenfold
Album: Nightmare
Year: 2010
Genre: Alt.Metal / Hard Rock
Size: 125.46 MB

Tracklist:
1. Nightmare
2. Welcome to the Family
3. Danger Line
4. Buried Alive
5. Natural Born Killer
6. So Far Away
7. God Hate Us
8. VIctim
9. Tonight The World Dies
10. Fiction
11. Save Me

Read More »

Avenged Sevenfold – Nightmare

Artist – Avenged Sevenfold

Title – Nightmare

Type – MP4

Size – 29.41MB

Read More »

A7X ရဲ့ပုဆိန်နှစ်လက်

77858574KW043_kroq

Avenged sevenfold လို့ဆိုလိုက်ရင် အိုင်းလိုင်နာအနက်တွေဆိုးထားပြီး လက်နှစ်ဖက်မှာ တက်တူးတွေအပြည့်နဲ့ ဂစ်တာငနဲနှစ်ကောင်ကို သွားသတိရကြမှာပါ။

တစ်ယောက်ကတော့ဦးထုပ်အနက်ဆောင်းလို့ပေါ့ ။သူတို့နှစ်ယောက် ဆိုလိုတွေတီးပြီဆို

ကြည့်လို့တော်တော်ကောင်းပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကဘယ်သန်

တစ်ယောက်ကညာသန် နှစ်ယောက်ကျောချင်းကပ်ပြီး တီးကြတာပါ ၊ ပြီးတော့ သူတို့က

ပဲလည်းနဲနဲများတယ်ဗျ။ ဒါကြောင့်ဆော်ပရိတ်သတ်တွေအသည်းစွဲပေါ့။

သူတို့က ဟန်သာရှိတာလား ၊ မဟုတ်ပါဘူး..။ သူတို့မှာ ဆန်းသစ်တဲ့ဖန်တီးမှုတွေရှိပါတယ်။

(Avenged sevenfold ရဲ့အကြောင်းကို ဒီမှာတင်ထားတာဖတ်နိုင်ပါတယ်။)

သူတို့ဖန်တီးခဲ့တဲ့ Afterlife သီချင်းက နာမည်ကြီးTotal Guitar Magazine ကချီးမြှင့်တဲ့

The Best Guitar Riff Of The Year 2008 ဆုကိုရရှိစေခဲ့ပါတယ်။

ဦးထုပ်ဆောင်းထားတဲ့တစ်ကောင်ကို Synyster Gates လို့ခေါ်ပြီး

နောက် ဘယ်သန်တစ်ကောင်ကတော့ Zacky Vengeance လို့ခေါ်ပါတယ်။

Synyster ကအဓိကဆိုလိုတွေကိုတီးခတ်ပြီး Zacky ကတော့ Heavy Riff တွေနဲ့

Harmony ပိုင်းကို တီးခတ်ပါတယ်။ ဒီ A7X ရဲ့ဂစ်တာငနဲနှစ်ယောက် ဂစ်တာကို

Schecter ဂစ်တာကုမ္ပဏီက ထုတ်လုပ်ပေးထားပါတယ်။ Custom Signature Guitars များဖြစ်ပါတယ်။

Read More »

Avenged Sevenfold ဖြစ်တည်ခြင်း

a7x

Avenged Sevenfold ဆိုတဲ့ Band ကို 1999 ခုနှစ် မှာ Huntington Beach, California ပြည်နယ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ စဖွဲ့တုန်းကဆိုရင် သူတို့ဟာ အထက်တန်းကျောင်းသားဘ၀ အသက် ၁၆ နှစ်ဝန်းကျင်ပဲ ရှိကြပါသေးတယ်၊

ပြီးတော့သူတို့ကိုသူတို့ နာမည်ရင်းမဟုတ်ပဲ ဘွဲ့နာမည်တွေပေးလိုက်ကြတယ်… M.Shadows (vocals), Synyster Gates(guitar), Zacky Vengenace (guitar), Johnny Christ (bass), The Reverend (drums) ဆိုပြီးတော့ပါ..။ Band ရဲ့နာမည်ကိုတော့ သမ္မာကျမ်းစာထဲကနေယူသုံးလိုက်တယ်..မှောင်မိုက်ပြီးဒဏ္ဍာရီဆန်တဲ့ နာမည်မျိုးပေါ့..။

သူတို့ရဲ့ပထမဆုံး Album, Sounding The Seventh Trumpet ကို 2001 ခုနှစ်မှာ နာမည်သိပ်မရှိတဲ့ဓာတ်ပြားတိုက်တစ်ခုကနေဖြန့်ချိခဲ့ပါတယ်။

အဲတုန်းကဆိုရင် သီချင်းတွေကကြမ်းတမ်းပြီး လူငယ်ဆန်တဲ့ပေါက်ကွဲမှုတွေနဲ့ Metalcore ဆန်တဲ့ဂီတကိုဖန်တီးခဲ့ကြပါတယ်။ Darkness Surrounding, Warmness on the Soul စတဲ့

သီချင်းတွေအောင်မြင်ခဲ့ပါတယ်။

ပထမဆုံး နယ်လှည့်ဖျော်ဖြေပွဲကို 2003 Vans Warped Tour မှာတခြားအဖွဲ့တွေနဲ့အတူ ဖျော်ဖြေပြီး ပရိတ်သတ်နဲ့ ထိတွေ့ခဲ့ကြပါတယ်။ second stage ကနေဖျော်ဖြေရတာပါ ၊

Warped Tour ရဲ့ထုံးစံအတိုင်း side stage, second stage, main stage ဆိုပြီးရှိပါတယ်

နာမည်ကြီးတွေသာ main stage မှာနေရာရတာ ဖြစ်ပါတယ်။

A7X ကတဆင့်ချင်း တဆင့်ချင်း တက်လာတာပါ ၊ခုဆိုရင် A7X က main stage ပေါ်ကနေ

မဆင်းတော့ပါဘူး..။

2003 ခုနှစ်မှာပဲ ကမ္ဘာနေရာအနှံ့က ပရိတ်သတ်တွေရစေခဲ့တဲ့ Waking The Fallen ,

Album ကို Hopeless Records ကနေဖြန့်ခဲ့ပါတယ်။ သူတို့ကိုနာမည်ကြီးစေခဲ့တဲ့သီချင်းတွေကတော့ Unholy Confessions, Chapter Four, Second Heartbeat နဲ့ I Won’t See You Tonight တို့ပါ။

သူတို့ကိုလွှမ်းမိုးတဲ့ Band တွေဖြစ်တဲ့ Pantera, Iron Maiden, Megadeth, Guns N’ Roses စတဲ့ Metal ဘိုးအေကြီးတွေရဲ့ အပိုင်းအစတွေကိုလည်း အဲဒီခွေမှာ စပြီးတွေ့ရပါတယ်။

တစ်ချို့သီချင်းတွေမှာတော့ November Rain ဆန်ပြီး တစ်ချို့မှာလည်း Dream Theater ရဲ့

Progressive ဆန်တဲ့ ဟန်တွေကိုတွေ့ရပါတယ်။

Recording Industry Association of America ကချီးမြှင့်တဲ့ရွှေတံဆိပ်ဆု Canada က

ရွှေတံဆိပ်ဆု UK ကငွေတံဆိပ်ဆုတွေကို ရစေခဲ့တဲ့ သမိုင်းဝင် Album,

City of Evil ကို 2005 ခုနှစ်မှာ နာမည်ကြီးဓာတ်ပြားတိုက် Warner Bros. Records ကနေ

ဖြန့်ချိခဲ့ပါတယ်။Hit ဖြစ်ပြီး Radio ကနေအကြိမ်ကြိမ်ပြန်လွှင့်ခဲ့ရတဲ့သီချင်းတွေကတော့

Bat Country, Beast and the Harlot, Seize the Day တို့ပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာဆိုရင် A7X ဟာကမ္ဘာအနှံ့လှည့်လည်ဖျော်ဖြေတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။

သူတို့ရဲ့Music ကလည်းတဖြည်းဖြည်း ရင့်ကျက်ပြီးပညာပါလာပါတယ်။

“(A7X ရဲ့ အဓိကဆိုလိုတွေကိုတီးတဲ့)

Synyster Gates ရဲ့ဖန်တီးမှုကလည်းလက်ဖျားခါလောက်တယ်၊

The Reverend ရဲ့ဘယ်လိုမှလိုက်တုမရတဲ့ Drum Beat တွေက

ငရဲထိအောင်ရိုက်ခတ်နေလိမ့်မယ်” လို့သူတို့ရဲ့ပရိတ်သတ်တွေကကြွေးကြော်နေပါတယ်။

2007 နှစ်ကုန်ပိုင်းလောက်မှာ သူတို့ရဲ့ Self-titled Album , Avenged Sevenfold ကို

A7X ကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး Warner Bros. Records ကပဲဖြန့်ခဲ့ပါတယ်။

ဒီအယ်လ်ဘမ်မှာလည်း US ကပေးတဲ့ Golden Award ကိုရရှိခဲ့ပြီး

ထွက်ထွက်ခြင်းသိပ်မကြာခင်မှာပဲ Billboard Top 200 မှာ နံပါတ် 4 ချိတ်ခဲ့ပါတယ်။

ပေါက်တဲ့သီချင်းတွေကတော့ Critical Acclaim, Almost Easy ,Afterlife ,Scream တို့ဖြစ်ပါတယ်၊ ဒီခွေမှာတမှုထူးခြားတဲ့ Gothic ဆန်ဆန် Choir သီဆိုမှုတွေ ၊

String Orchestra တီးခတ်မှုတွေနဲ့ A Little Piece of Heaven သီချင်းဟာ

ရှစ်မိနစ်ကျော်ကြာပြီး Horror Movie တစ်ခုပုံစံဖန်တီးထားပါတယ်။

ဒီအယ်လ်ဘမ်ကို Hard Rock ပုံစံ ၊ Metal ပုံစံ အစုံမွှေနှောက်ထားတာပါ။

A7X ရဲ့နောက်ထပ်ခြေလှမ်းကြီးတစ်ခုကတော့Live in the LBC & Diamonds in the Rough ဆိုတဲ့အယ်လ်ဘမ်ပါ ။ DVD/CD ပူးတွဲပါရှိပါတယ်၊ Live in the LBC က Live Show DVD ပါ Diamonds in the Rough ကတော့ CD ပါ။ ဒီအယ်လ်ဘမ်ကို ပြီးခဲ့တဲ့နှစ်လလောက်ကမှ

ထုတ်လွှတ်လိုက်တာပါ။

A7X ဟာသူတို့ရဲ့ပရိတ်သတ်နဲ့ အဆက်မပြတ်စေချင်တဲ့သဘောရှိပါတယ်။

Diamonds in the Rough မှာ သီချင်းအသစ်ရှစ်ပုဒ်နဲ့ cover သီချင်းနှစ်ပုဒ်ပါပါတယ်၊

Hit ဖြစ်တဲ့သီချင်းတွေကတော့ Demons, Until The End, Tension တို့ပါ။

Girl I Know ဆိုတဲ့သီချင်းလည်းကောင်းပါတယ်၊ မိန်းမပျက်တစ်ယောက်အကြောင်းကိုလှောင်ပြောင်သလိုရေးဖွဲ့ထားတာပါ။ ဒီခွေမှာပါဝင်တဲ့သီချင်းတွေကတော့အရင် City of Evil နဲ့ Self-titled Album တွေလောက်မကောင်းပါဘူး..။(ကျွန်တော်မကြိုက်တာပါ)

Iron Maiden ရဲ့ Flash of the Blade နဲ့ Pantera ရဲ့ Walk သီချင်းတွေကို

Cover ပြန်လုပ်ထားတာသူ့စတိုင်နဲ့သူကောင်းပါတယ်။

A7X ရဲ့ အဓိကပစ်မှတ်ကတော့ Live in the LBC ဖြစ်ဟန်ရှိပါတယ်၊

ဒီ Live Show DVD မှာ အရင်ခွေတွေထဲကနာမည်ကြီးသီချင်းတွေကိုPerformance

အပြည့်နဲ့ တင်ဆက်ထားတာပါ။ Motley Crue ကိုသွားသတိရစေတဲ့ Performance မျိုးပါ၊

stage တစ်ခုလုံးပေါ်မှာ dancing girl တွေနဲ့ A7X ရဲ့ ဖျော်ဖြေမှုကို camera angle ပေါင်းများစွာနဲ့ MTV စတိုင်လ်ရိုက်ပြထားပါတယ်။ Live Recording နဲ့ တီးခတ်မှုတွေကလည်း

ကြည်လင်ပါတယ်..။ဝယ်သိမ်းထားသင့်တဲ့အယ်လ်ဘမ်တစ်ချပ်ပါ။

A7X ဟာ2009 မှာလည်းအရည်အသွေးရှိတဲ့ Music ကိုဖန်တီးလိမ့်အုံးမှာဖြစ်ပါတယ်။

A7X ရဲ့vocalist M.Shadows က “အခုဆိုရင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ပုံစံနဲ့ ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာရှိနေပါပြီ” လို့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

သူတို့နိုင်ငံမှာတော့ ကိုင်ပိုင်ဟန်ကိုယ်ပိုင်ပုံစံ မရှိတဲ့ Music ကိုဖန်တီးသူများဟာ

နာမည်ရလေ့မရှိကြပါဘူး..၊ ဥပမာပြောရရင် Trivium အဖွဲ့ဟာ The Crusade ဆိုတဲ့

အယ်လ်ဘမ်မှာ Metallica ရဲ့ဟန် ၊သီချင်းပုံစံမျိုးတွေကြောင့် နာမည်ကျခဲ့ဘူးပါတယ်..၊

အခု2008 မှာမှ Shogun ဆိုတဲ့ခွေနဲ့ပြန်အဖတ်ဆယ်ခဲ့ရပါတယ်.. အဲဒီလိုပါ..။

(နောက်များမှကြုံရင်ရေးပါမည်..)

အခုဆိုရင်A7X ဟာ New Wave of American Heavy Metal မှာခေါင်းဆောင်များနဲ့ အဓိကကျတဲ့အဖွဲ့များ စာရင်းမှာပါဝင်နေပြီဖြစ်ပါတယ်..။

နောက်ဆုံးပြောရရင်တော့ ဒီလိုအရည်အချင်းရှိတဲ့ Avenged Sevenfold ဆိုတဲ့အဖွဲ့မျိုးဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ထွက်ပေါက်တွေကို ဖန်ဆင်းပေးမယ့် ဂီတမိစ္ဆာများသာ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျား…။

***download လုပ်ချင်လျှင် album နာမည်ပေါ်တွင်နှိပ်ပါ***

Page 1 of 11
Get Adobe Flash playerPlugin by wpburn.com wordpress themes